အခွန်တံဆိပ် ကပ်နှိပ်ထားခြင်းမရှိသော အရက်၊စီးကရက်၊ဝိုင်နှင့် ဆေးပေါ့လိပ်များနဲ့ ပတ်သက်ပြီး သတင်းပေးပါက ဒဏ်ငွေရဲ့ ရာခိုင်နှုန်း ၂၀ ကို ဆုချီးမြှင့်မယ်
အခွန်တံဆိပ် ကပ်နှိပ်ထားခြင်းမရှိတဲ့ အရက်၊စီးကရက်၊ဝိုင်နဲ့ ဆေးပေါ့လိပ်တွေ ထုတ်လုပ်ဖြန့်ဖြူးသိုလှောင် လက်ဝယ်ထားရှိ သူ တွေနဲ့ ပတ်သက်ပြီး သတင်းပေးပါက ဒဏ်ငွေရဲ့ ရာခိုင်နှုန်း ၂၀ ကို ဆုချီးမြှင့်မယ်လို့ ပြည်တွင်းအခွန်များဦးစီး ဌာနက မေလ ၂၅ ရက်နေ့က နိုင်ငံပိုင်သတင်းစာမှ တဆင့် ကြေညာခဲ့ပါတယ်။