အမြန်လမ်းမကြီး ၂၅၈ မိုင်အနီးတွင် ခရီးသည်တင်မှန်လုံယာဉ်က လိုက်ထရပ်ယာဉ်ကို နောက်မှ ဝင်တိုက်မိမှုကြောင့် အမျိုးသမီး နှစ်ဦးသေဆုံးကာ ရှစ်ဦး ဒဏ်ရာရ
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၂၅၈ မိုင်အနီးမှာ မေ ၂၆ ရက် မနက် အစောပိုင်းက နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်နေတဲ့ လိုက်ထရပ် မော်တော်ယာဉ်ကို Famous ခရီးသည်တင် မော်တော်ယာဉ်က နောက်မှ ဝင်တိုက်မိမှုကြောင့် လိုက်ထရပ်ယာဉ်ပေါ်လိုက်ပါသူ ခရီးသည်များထဲက အမျိုးသမီးနှစ်ဦး သေဆုံးကာ ရှစ်ဦးခန့် ထိခိုက်ဒဏ်ရာတွေ ရရှိသွားတယ်လို့ ပေပင်လေး အမြန်လမ်းမကြီး ရဲစခန်းမှ သိရပါတယ်။