ပဲခူးမြို့ရှိ ယခင်အစိုးရလက်ထက်က မြေပေးမိန့် ထုတ်ပေးခဲ့သော အများပိုင်မြေကို ပြန်လည်ရရှိရန် တိုင်ကြားထားသော်လည်း ဖြေရှင်းပေးခြင်း မရှိသေးဟုဆို
ပဲခူးမြို့မှာရှိတဲ့ အများပြည်သူပိုင်တဲ့ ရပ်ကွက်ဖွံ့ဖြိုးရေးမြေကွက်ကို အရင်အစိုးရလက်ထက်က သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲတွေကနေရပ်ကွက်သားတစ်ဦးကို မြေပေးမိန့်ထုတ်ပေးပြီး နေထိုင်ခွင့်ပြုတာကို ရပ်ကွက်သားတွေက မကျေနပ်လို့ ကန့်ကွက်တိုင်ကြားထားပေမယ့်လည်း အခုအချိန်အထိ ဖြေရှင်းပေးခြင်းမရှိသေးဘူးလို့ သိရပါတယ်။