ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုကြောင့် လမ်းပေါ်မှာ နိုင်ငံသားများ၏ အချိန်နှင့် လုပ်အားများ နေ့စဉ် ဘီလျံနှင့် ချီကာ ဆုံးရှုံးနေ၍ ယာဉ်ကြောပိတ်ဆို့မှုနှင့် ကားပါကင် ပြဿနာဖြေရှင်းရန် လွှတ်တော်တွင် မေးခွန်းမေး
ရန်ကုန်မြို့မှာ ယာဉ်ကြောပိတ်ဆို့မှုကြောင့် လမ်းပေါ်မှာ နိုင်ငံသားတွေရဲ့ အချိန်နဲ့ လုပ်အားတွေ နေ့စဉ်ဘီလျံနဲ့ချီကာ ဆုံးရှုံးနေတဲ့အတွက် ယာဉ်ကြောပိတ်ဆို့မှုနဲ့ ကားပါကင် အခက်အခဲပြဿနာကို ဖြေရှင်းရန် စီမံဆောင်ရွက်ထားမှုတွေကို သိရှိလိုကြောင်း လှိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက နိုဝင်ဘာလ ၃၀ ရက်နေ့က လွှတ်တော်မှာ မေးခွန်း မေးမြန်းခဲ့ပါတယ်။