အဓမ္မခိုင်းစေမှုပပျောက်ရေး အမျိုးသားအဆင့် တိုင်တန်းမှုယန္တရားထူထောင်နိုင်ရန် ILO နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေပြောကြား
မြန်မာနိုင်ငံမှာ အဓမ္မခိုင်းစေမှုပပျောက်ရေးအတွက် အမျိုးသားအဆင့်တိုင်တန်းမှုယန္တရားထူထောင်နိုင်ဖို့ ILO နဲ့ ပူးပေါင်း ဆောင်ရွက် လျက်ရှိတယ်လို့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။