အမေရိကန်ဒေါ်လာသန်း ၃၀ ရင်းနှီးမြှုပ်နှံထားသည့် စင်ကာပူအခြေစိုက် SCAuto ၏ ဘတ်စ်ကားစက်ရုံ ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး တစ်နှစ်လျှင် ဘတ်စ်ကားအစီး ၆၀၀ အထိ ထုတ်လုပ်သွားမည်
စင်ကာပူအခြစိုက် SCAuto ကုမ္ပဏီက ရန်ကုန်စက်မှုဇုန်ရှိ မြေ ၄.၆၅ ဧကမှာ အမေရိကန်ဒေါ်လာသန်း ၃၀ ရင်းနှီးမြှုပ်နှံထားတဲ့ ဘတ်စ်ကားစက်ရုံကို မေလ ၂၈ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး နှစ်စဉ် ဘတ်စ်ကားအသစ် အစီးရေ ၆၀၀ အထိ ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။