ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့်နှင့် ပတ်သက်သည့် ပုဒ်မတစ်ခု အပါအဝင် ပုဒ်မ ၄ ခု ကိုပြင််ဆင်ရန် ဥပဒေမူကြမ်း တစ်ရပ်ကို ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်က ဦးဆောင်ပြီး ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်း
နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့်နဲ့ ပတ်သက်တဲ့ ပုဒ်မ ၂၄၈ (ဂ) အပါအဝင် ပုဒ်မ လေးခုကို ပြင်ဆင်ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေမူကြမ်းတစ်ရပ်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မောင်သင်း ဦးဆောင်ပြီး လွှတ်တော် ကိုယ်စားလှယ် ၁၄၅ ဦးက လက်မှတ်ရေးထိုးကာ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။