ရှုပ်ထွေးစွာ တပ်ဆင်ထားသည့် ဆက်သွယ်ရေးကြိုးများကို သက်ဆိုင်ရာ ဆက်သွယ်ရေး ကုမ္ပဏီများအား ပြန်လည် ရှင်းလင်းခိုင်းမည်ဟုဆို
ရန်ကုန် အပါအဝင် မြို့ကြီးအချို့မှာ ယိုင်နဲ့နေတဲ့ ဆက်သွယ်ရေး တိုင်တွေနဲ့ ရှုပ်ထွေးစွာ တပ်ဆင်ထားတဲ့ ဆက်သွယ်ရေးကြိုးတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ လိုင်စင်ရ ဆက်သွယ်ရေး ဝန်ဆောင်မှုကုမ္ပဏီတွေကို ပြန်လည် ရှင်းလင်းခြင်း လုပ်ငန်းတွေ ဆောင်ရွက်စေမယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးကျော်မျိုးက မေ ၃၀ ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောပါတယ်။