ကျောင်းကားသတ်မှတ်ချက် ၁၂ချက်နှင့်ကိုက်ညီပါက ကားအသစ်များတင်သွင်းနေစဉ်ကာလအတွင်း မူလ ကားအဟောင်း များဖြင့် ကျောင်းကားပြေးဆွဲခွင့်ပြုမည်
ကျောင်းကားအသစ်များတင်သွင်းရာမှာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက သတ်မှတ်ထားတဲ့ စည်းကမ်းချက် ၁၂ချက်အတိုင်း လိုက်နာပါက တင်သွင်းနေစဉ်ကာလအတွင်း မူလကားအဟောင်း များဖြင့် ကျောင်းကားပြေးဆွဲခွင့်ပြုသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာ ပိုင်အဖွဲ့ (YRTA) ကနေသိရပါတယ်။