Romance ပုံစံရေးထားတဲ့အတွက် ကိုရီးယားအချစ်ကားကြိုက်တဲ့သူတွေကြိုက်ကြမှာပါ ဆိုတဲ့ အကယ်ဒမီဝတ်မှုန်ရွှေရည်
အကယ်ဒမီဝတ်မှုန်ရွှေရည်ကတော့ ဇွန်လအတွင်းမှာ ကိုရီးယား-မြန်မာချစ်ကြည်ရေးအဖြစ်ရိုက်ကူးမည့် တိမ်တွေပေါ်ကပန်း ရုပ်ရှင်ဇာတ်ကားမှာ ကိုရီးယားမင်းသားနဲ့အတူ Romance ပုံစံဇာတ်လမ်းကိုတွဲဖက်သရုပ်ဆောင်ရမှာဖြစ်ပြီး စိတ်ဓာတ်ခွန် အားပေးခြင်းတွေပါပါဝင်တဲ့ ဒီဇာတ်ကားဟာ သူ့အတွက် အတွေ့အကြုံသစ်တစ်ခုဖြစ်ပြီး ကိုရီးယားသရုပ်ဆောင်တွေဆီက လေ့လာသင့်တာ သင်ယူသင့်တာတွေလုပ်ရမယ် လို့ဆိုပါတယ်။