ဝေဖန်မှုများကို နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့က အလေးထားကြိုဆိုကြောင်းနှင့် နိုင်ငံရေးပါတီများ အပြုသဘောဖြင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူပြော
နိုင်ငံတော်သမ္မတနှင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ဟာ အစိုးရ၏ အားနည်းချက်များအား ပြည်သူလူထုနှင့် မီဒီယာများရဲ့ ဝေဖန်မှုများအား အလေးထားပြီး နိုင်ငံရေးအရ ထောက်ပြဝေဖန်မှုများကိုလည်း အစိုးရအနေဖြင့် ကြိုဆိုတယ်လို့ နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။