သီချင်းဖန်တီးမှုတွေကို ညပိုင်းတွေမှာပဲလုပ်ဖြစ်ပြီး တချို့တွေထင်သလို တစ်ခုခုမှီဝဲတာမျိုး မရှိဘူးဆိုတဲ့ တေးသံရှင် ရေမွန်
တတိယမြောက် တေးစီးရီးထွက်ရှိနိုင်ဖို့ ပြင်ဆင်မှုတွေလုပ်နေတဲ့ တေးသံရှင် ရေမွန်က သူအနေနဲ့ သီချင်းတွေ ဖန်တီးတဲ့အခါ ဆူညံသံတွေမကြားရတဲ့ ညပိုင်းအချိန်တွေမှာသာ လုပ်လေ့ရှိပြီး ညဘက်တွေမှာ မအိပ်ဖြစ်တာနဲ့ပတ်သက်လို့ လူတချို့ တွေးထင်နေကြသလိုမျိုး တစ်ခုခုမှီဝဲထားတာမဟုတ်ဘဲ သီချင်းရေးလိုက် ဂိမ်းဆော့လိုက်နဲ့ မအိပ်ဖြစ်တာပါလို့ ဆိုပါတယ်။