အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ကိုယ်စားလှယ်အဖြစ်မှ ရုတ်သိမ်းပေးရန် ဒေသခံပြည်သူ ၁၀၀၀ ခန့် ဆန္ဒပြ
မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၅မှ အမျိုးသားတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းကို ကိုယ် စားလှယ်အဖြစ်မှ ရုတ်သိမ်းပေးဖို့ မဲဆန္ဒရှင် ဒေသခံပြည်သူ ၁၀၀၀ ခန့်က ဇွန်လ ၁ ရက်နေ့မနက်ပိုင်းက ပွင့်ဖြူ မြို့မှာ ဆန္ဒပြခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြရန် စုပေါင်းလက်မှတ်ရေး ထိုးခဲ့တယ်လို့ သိရပါတယ်။