ဘာသာရေးလုပ်ဖို့အချိန်ပေးချင်လို့တစ်နှစ်မှာ ကားရိုက်နှစ်ကားပဲလက်ခံဖြစ်တယ်ဆိုတဲ့ ထွန်းအိန္ဒြာဗိုလ်
တေးသံရှင် သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်ကတော့ အခုနောက်ပိုင်းမှာ သူမနဲ့လိုက်ဖက်မယ့် ကာရိုက်တာကိုပဲရွေးချယ်လက်ခံပြီး ဘာသာရေးလုပ်ဖို့အချိန်ပေးချင်တာလည်းပါတာကြောင့် တစ်နှစ်မှာ ကားရိုက်နှစ်ကားပဲလက်ခံဖြစ်တယ်လို့ဆိုပါတယ်။ လက်ရှိမှာလည်း ခသုံးလုံး ရုပ်ရှင်ထုတ်လုပ်ရေးကနေ ရိုက်ကူးမယ့် “ဆူးပန်းခွေ သွယ်ဘယက်နှင့် ပေရွက်လိပ် နားတောင်းဆင်” ဆိုတဲ့ဇာတ်လမ်းတွဲမှာလည်း လိုအပ်တဲ့နေရာမှာ ဇာတ်ကားကောင်းအောင်ပါဝင်အားဖြည့်သွားမယ်လို့သိရပါတယ်။