ကွာရှင်းထားသည်ဟုဆိုသည့် အမျိုးသမီးတစ်ဦးကို ခင်ပွန်းဟောင်းဖြစ်သူက စစ်ကိုင်းမြို့မ ပျံကျစျေးတွင် ဓားဖြင့် ထိုးသတ်မှု ဖြစ်ပွား
လင်မယားကွာရှင်းထားတဲ့ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ခင်ပွန်းဟောင်းဖြစ်သူက ဓားဖြင့် ထိုးသတ်မှု ဇွန် ၃ ရက် မနက်ပိုင်းက စစ်ကိုင်းမြို့မ ပျံကျစျေးမှာ ဖြစ်ပွားခဲ့တယ်လို့ စစ်ကိုင်းမြို့မ ရဲစခန်းထံက သိရပါတယ်။