နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ်တို့ နှစ်နို်င်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှပ့်နှံမှု အပါအဝင် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် အခြားကိစ္စရပ်များ ဆွေးနွေးခဲ့
ချက်သမ္မတနိုင်ငံ Prague (ပရက်)မြို့မှာ ရောက်ရှိနေတဲ့ နို်င်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ်က ဂုဏ်ပြုကြိုဆိုတဲ့ အခမ်းအနားကို ဇွန်လ ၃ ရက် ဒေသစံတော်ချိန် ၁၀ နာရီခွဲက ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ်ရုံးမှာ ပြုလုပ်ခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ခဲ့ပါတယ်။