လွှတ်တော်တိုက်ရိုက်ထုတ်လွှင့်မှုပြတ်တောက်သည့်ကိစ္စတွင် အရေးယူခံရသည့်ဝန်ထမ်းတွေအပြင် ပြန်ကြားရေး ဝန်ကြီး၊ဒုဝန်ကြီးမှာရော တာဝန်မရှိဘူးလားဟု ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်မေးခွန်းထုတ်
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတိုက်ရိုက်ထုတ်လွှင့်မှု ပြတ်တောက်ခဲ့တဲ့ကိစ္စဟာ အရေးယူခံထားရတဲ့ ဝန်ထမ်း တွေအပြင် ပြန်ကြားရေးဝန်ကြီးနဲ့ ဒုဝန်ကြီးမှာရော တာဝန်မရှိဘူးလားလို့ ပြည်ခိုင်ဖြိုးပါတီမှ မင်းကင်း မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဦးမောင်မြင့်က မေးခွန်းထုတ်ခဲ့ပါတယ်။