“ငယ်စဉ်ကတည်းက ကျန်းမာရေးချူချာခဲ့တာကြောင့် ကလေးအထူးကုဆရာဝန်ကြီးဖြစ်ချင်ပါတယ်”

“ငယ်စဉ်ကတည်းက ကျန်းမာရေးချူချာခဲ့တာကြောင့် ကလေးအထူးကုဆရာဝန်ကြီးဖြစ်ချင်ပါတယ်”
Published 8 June 2019

၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တစ်နိုင်ငံလုံးပထမဆုရှင် မောင်ကျော်လင်းသန်းနှင့် တွေ့ဆုံခြင်း ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်တွေကို ဇွန်လ ၈ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ရာ ဝင်ရောက်ဖြေဆိုသူ ၈၅၁၅၂၄ ဦးအနက် ၂၆၇၆၉၆ ဦး အောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၃၁ ဒသမ ၄၄ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ အဲ့ဒီလိုအောင်မြင်ခဲ့သူတွေအထဲက အထက (၄) အလုံကျောင်းမှ ခုံအမှတ်- ဆလအ ၁၅၃ မောင်ကျော်လင်းသန်းဟာ ခြောက်ဘာသာဂုဏ်ထူးကို အမှတ်ပေါင်း- ၅၅၅ မှတ်နဲ့အောင်မြင်ခဲ့ပြီး တစ်နိုင်ငံလုံးအမှတ်အများဆုံးရရှိခဲ့ပါတယ်။ အခုလို အောင်မြင်ခဲ့မှုနဲ့ ပတ်သက်လို့ သူရဲ့ တက္ကသိုလ်ဝင်စာမေးပွဲအတွက် ကြိုးစားပြင်ဆင်ခဲ့ပုံတွေ၊ အနာဂါတ်ရည်မှန်း ချက်တွေကို မေးမြန်းထားမှုကို တင်ဆက်ပေးလိုက်ပါတယ်။

Most Viewed

Most Recent