ဧပြီလအတွင်းက ဖြစ်ပွားခဲ့သည့် ဂျပန်လေတပ်မှ F-35 တိုက်လေယာဉ် ပျက်ကျမှုမှာ လေယာဉ်မှူးအနေဖြင့် မူးဝေနေခြင်းကြောင့် ဖြစ်နိုင်ကြောင်း ဂျပန်လေတပ် သတင်းထုတ်ပြန်
ပြီးခဲ့တဲ့ ဧပြီလက F-35 တိုက်လေယာဉ် တစ်စင်း ပစိဖိတ်သမုဒ္ဒရာထဲကို တစ်နာရီ ကီလိုမီတာ ၁၁၀၀ ကျော်နှုန်းနဲ့ ထိုးကျသွားမှုဟာ လေယာဉ်မှူးအနေနဲ့ မူးဝေနေပြီး တည်နေရာ အကွာအဝေးကို မတွက်ချက်နိုင်တော့တာကြောင့် ဖြစ်နိုင်တယ်လို့ ဂျပန် ကိုယ်ပိုင်ကာကွယ်ရေး လေတပ် (JASDF) က ပြောပါတယ်။