မွန်ပြည်နယ််ရှိ ဒြပ်မဲ့ယဉ်ကျေးမှုအမွေနှစ် ၂၇၀ ကျော်ထဲမှ ထူးခြားမှုကိုရွေးချယ်ပြီး ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ရန် ကြိုးစားမည်
မွန်ပြည်နယ်မှာ မိကျောင်းတူရိယာ၊ ကျောက်သင်ပုံး၊ ဆေးတန်လုပ်ငန်းတို့အပါအဝင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း ဝင် ၂၇၀ ကျော်ရှိပြီး အဲဒီထဲကမှ ထူးခြားလက္ခဏာရှိမှုတွေကို ရွေးချယ်ကာ ယူနက်စကို ကိုတင်ပြပြီး ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ဖို့ ကြိုးစားမယ်လို့ မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ပြောပါတယ်။