၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် ရန်ကုန်တိုင်း လျာထားဘတ်ဂျက်တွင် အင်းစိန်စုပေါင်းရာဇဝတ်ရုံးနှင့် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးတို့တည်ဆောက်ရန် ကျပ်သန်း ၁၁၀၀ တောင်းခံမှုကို လွှတ်တော်ကိုယ်စားလှယ်အချို့ ကန့်ကွက်
ရန်ကုန်တိုင်းဒေသကြီးရဲ့ ၂၀၁၉ -၂၀၂ဝခု ဘဏ္ဍာရေးနှစ် ဘတ်ဂျက်လျာထားချက်မှာ အင်းစိန်စုပေါင်း ရာဇဝတ်ရုံး တည်ဆောက်ဖို့ ကျပ်သန်း ၆ဝဝဝနဲ့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး တည်ဆောက်ဖို့ ကျပ်သန်း ၅၀၀၀ တင်ပြတောင်းခံမှုတို့အပေါ် လွှတ်တော်ကိုယ်စားလှယ်အချို့က ကန့်ကွက်ခဲ့ပြီး ပြန်လည်စိစစ်ကာ ပြည်ထောင်စုဘတ်ဂျက်မှာသာ ထည့်သွင်းဆောင်ရွက်သင့်တယ်လို့ ဆွေးနွေးခဲ့ကြပါတယ်။