ကောလင်းမြို့နယ်တွင် အသေးစားသတ္တု ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်နေသည့် Myanmar Lanyu Mining ကုမ္ပဏီကို ကွင်းဆင်းစစ်ဆေးမည်ဖြစ်ပြီး ဥပဒေနှင့်မညီပါက အရေးယူမည်ဟု သိရ
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်မှာ အသေးစားသတ္တု ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်နေသည့် Myanmar Lanyu Mining ကုမ္ပဏီကို ကြီးကြပ်ရေးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးမှာဖြစ်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ထားရှိမှုမရှိပါက ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက ပြောပါတယ်။















