မက်ဆီဆိုတာ ၂၁ ရာစုဘောလုံးကမ္ဘာထဲမှော်ဆရာတစ်ပါး၊ အောင်မြင်မှုများစွာနဲ့ လင်းပနေသူတစ်ဦး၊ ဒါပေမဲ့ သူ့မှာလည်း ဒဏ်ရာတွေရှိပါတယ်။ နှစ်ကာလများစွာ ထိရှနာကျင်နေရတဲ့ ဒဏ်ရာဒဏ်ချက်၊ အာဂျင်တီးနားလက်ရွေးစင်ကစားသမားဘဝ (၁၄)နှစ်တာကာလအတွင်း မက်ဆီဟာ သူရဲ့အကောင်းဆုံးကိုယ်ရည်ကိုယ်သွေး မပေးဆပ်သူလို့ တံဆိပ်ကပ်ခဲ့ကြ၊ တခါတလေများ ဝေဖန်သူတွေဟာ မက်ဆီရဲ့ နာကျင်ဖွယ်ဒဏ်ရာကို ရယ်ပွဲဖွဲ့ကြ၊ ဘာစီလိုနာအရေခွံဆွဲခွာလိုက်ရင် မက်ဆီဟာ ဘာမှမဟုတ်တဲ့ လူညံ့လူဖျင်းတစ်ယောက်လို့ လှောင်ပြောင်ကြတာ စိတ်မကောင်းစရာပါပဲ။