World AIDS Day 2018 အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် မိမိသဘောဆန္ဒအလျောက် သွေးစစ်ခြင်းအခမ်းအနား မြောင်းမြမြို့တွင်ပြုလုပ်
ဒီဇင်ဘာ(၁)ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အဖြစ် HIV/AIDS နဲ့ပတ်သက်တဲ့ အသိပညာပေး ဟောပြောပွဲနဲ့ အခမဲ့ သွေးစစ်ဆေးပေးခြင်းတွေကို မြောင်းမြမြို့ ဗိုလ်ချုပ်ရင်ပြင်မှာ ဒီဇင်ဘာ(၂)ရက်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။