အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးကော်မတီမှ တစ်သျှူး ငှက်ပျောစိုက်ခင်းများသို့ ကွင်းဆင်းကာ မြေဆီနမူနာ စစ်ဆေးရန် ရယူ
ကချင်ပြည်နယ်အတွင်းရှိ တရုတ်တစ်သျှူးငှက်ပျောစိုက်ခင်းများသို့ အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေး ကော်မတီက လာရောက်ကွင်းဆင်းစစ်ဆေးကာ မြေဆီနမူနာများ ရယူခြင်းတွေကို ဇွန်လ ၁၄ ရက်နေ့က လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။