ဆေးခြောက်စိုက်ခင်းဟုဆိုကာ ဖမ်းဆီးထားသည့် အမေရိကန်နိုင်ငံသားနှင့် စိုက်ခင်းတာဝန်ခံနှစ်ဦးကို တတိယအကြိမ် ရုံးထုတ်ခဲ့ပြီး တရားခံပြေးမှုအတွက် တရားလိုသက်သေနှစ်ဦးကို စစ်ဆေး
ဆေးခြောက်စိုက်ခင်းလို့ဆိုကာ ဖမ်းဆီးထားတဲ့ အမေရိကန်နိုင်ငံသားနှင့် စိုက်ခင်းတာဝန်ခံနှစ်ဦးကို မြင်းခြံခရိုင် တရားရုံးမှာဇွန်လ ၁၈ ရက်နေ့ကတတိယအကြိမ်ရုံးထုတ်ခဲ့ပြီး တရားခံပြေးမှုဖြင့် တရားစွဲတင်ထားတဲ့ III M ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင် သုံးဦးအပါအဝင် အမေရိကန်နိုင်ငံသား ၅ ဦးအမှုမှ တရားလိုသက်သေ နှစ်ဦးကိုဆက်လက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။