၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် ကာတာနိုင်ငံ အငြင်းပွားဖွယ် ရွေးချယ်ခံရခြင်းအတွက် စစ်ဆေးရန် UEFA ဥက္ကဌဟောင်း ပလာတီနီကို ပြင်သစ်ခြစားမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ ဖမ်းဆီး
ပြင်သစ်နိုင်ငံရှိ ခြစားမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအိမ်ရှင်အဖြစ် ကာတာနိုင်ငံ အငြင်းပွားဖွယ် ရွေးချယ်ခံရခြင်းနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ဥက္ကဌ ဟောင်း ပလာတီနီကို ဇွန် ၁၈ ရက်နေ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။