၁၄ နှစ်အတွင်း တရုတ်ခေါင်းဆောင်တစ်ဦး၏ ပထမဆုံး မြောက်ကိုရီးယား ခရီးစဉ်အဖြစ် ပြုံယမ်းသို့ သမ္မတ ရှီကျင်းပင် ရောက်ရှိ
တရုတ်သမ္မတ ရှီကျင်းပင်ဟာ ဇွန်လ ၂၀ ရက်နေ့က မြောက်ကိုရီးယားနိုင်ငံကို နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် ရောက်ရှိသွားပြီဖြစ်ပြီး ၎င်းနဲ့အတူ အဆင့်မြင့် အစိုးရအရာရှိကြီးတွေလည်း လိုက်ပါသွားခဲ့တယ်လို့ သိရပါတယ်။