မြို့နယ်အချို့တွင် အဂတိတိုက်ဖျက်ရေးအဖွဲ့ အမည်ခံ၍ ရုံးခန်းဖွင့်ကာ ဆောင်ရွက်နေမှုများသည် ကော်မရှင်နှင့် သက်ဆိုင်မှု မရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ထုတ်ပြန်
မြို့နယ်တချို့မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ အမည်ခံကာ ရုံးခန်း ဖွင့်လှစ်ကာ လှုပ်ရှား ဆောင်ရွက်နေမှုတွေမှာ ကော်မရှင်နဲ့ သက်ဆိုင်မှု မရှိတဲ့အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့လည်း အကျုံးဝင်မှု မရှိဘူးလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဇွန်လ ၂၀ ရက်က သတင်း ထုတ်ပြန်ပါတယ်။