ကွမ်းခြံကုန်းမြို့နယ်တွင် ဒီရေတော(ကြိုးပြင်ကာကွယ်တော) ၁၁၁၇၃ ဧကကို ဖော်ဆောင်နေဟု တိုင်းအစိုးရအဖွဲ့ ဝန်ကြီးပြောကြား
ကွမ်းခြံကုန်းမြို့နယ်မှာ ဒီရေတော(ကြိုးပြင်ကာကွယ်တော) ဧရိယာ ၁၁၁၇၃ ဧကကို အကောင်အထည် ဖော်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ပြောကြားခဲ့ပါတယ်။