ရေမဆေးကျောက်သမားတွေရဲ ့ ဖားကန် ့မြေက လုပ်ကွက်အမှန်အကန်တွေနဲ ့နယ်မြေမအေးချမ်းမှုတွေ ကြားထဲမှာ ရိုက်ကူးထားတဲ့ “လောဘနွံ”ရုပ်ရှင်ဇာတ်ကားကို နိုင်ငံတကာမှာပြသသွားမယ်လို ့ဆိုတဲ့ ဒါရိုက်တာ သရုပ်ဆောင် JZဒေါင်လွဏ်း
ကချင်တိုင်းရင်းသားတစ်ဦးဖြစ်တဲ့ ဒါရိုက်တာ သရုပ်ဆောင် JZဒေါင်လွဏ်းကတော့ သူရိုက်ကူးထားတဲ့ “လောဘနွံ”ရုပ်ရှင်ဇာတ်ကားကို အခြားနိုင်ငံတွေက ကမ်းလှမ်းမှုအပေါ်မှာမူတည်ပြီး နိုင်ငံတကာမှာပြသသွားမယ့်လို ့ဆိုပါတယ်။ ရေမဆေးကျောက်သမားတွေရဲ ့ဘဝတွေကိုတော့ သတင်းတွေမှာ တွေ ့မြင်နိုင်ပေမယ့် ပရိသတ်တွေကို ရုပ်ရှင်အနေနဲ ့ပြဖို ့အတွက်ကတော့ ဖားကန် ့မြေက တကယ့်လုပ်ကွက် အမှန်တွေနဲ ့နယ်မြေမအေးချမ်းမှုတွေ ကြားထဲမှာ ရိုက်ကူးထားတဲ့အတွက် အခက်အခဲများစွာရှိခဲ့တယ်လို ့ ပြောပါတယ်။