ဂျော်ဂျီယာနိုင်ငံတွင် ပါလီမန်အဆောက်အအုံကို စီးနင်းဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့ အဓိကရုဏ်း ဖြစ်ပွားရာ လူအများအပြားဒဏ်ရာရရှိ
ဂျော်ဂျီယာနိုင်ငံ၊ မြို့တော် တစ်ဘလီဆီမှာ ဆန္ဒပြသူထောင်ပေါင်းများစွာက ပါလီမန်အဆောက်အအုံထဲကို စီးနင်းဝင်ရောက်ဖို့ ကြိုးပမ်းခဲ့ရာမှာရဲတပ်ဖွဲ့နဲ့ အဓိကရုဏ်း ဖြစ်ပွားခဲ့တာကြောင့် လူ ၇၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။