ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲခံထားရသည့် မိုက်ကယ်ကျော်မြင့်တို့အမှု တရားလိုမလာသဖြင့် အမှု မစစ်ဆေးဖြစ်
တောင်ဒဂုံ ၁၀၆ရပ်ကွက်မှာ ဖြစ်ပွားခဲ့တဲ့ လူစုလူဝေးဖြစ်စဉ်နဲ့ ပတ်သက်လို့ ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုခံထားရတဲ့ မိုက်ကယ်ကျော်မြင့်နဲ့ ဝေယံမျိုးနိုင်တို့ကို ဇွန်လ ၂၁ ရက်နေ့ကတောင်ဒဂုံမြို့နယ်တရားရုံးမှာရုံးထုတ်ခဲ့ ပေမယ့် တရားလိုမလာတဲ့အတွက် အမှုကိုစစ်ဆေးခဲ့ခြင်းမရှိပါဘူး။