အမေရိကန် ကင်းထောက်ဒရုန်းတစ်စင်းပစ်ချခံရမှုအတွက် အီရန်ကိုတုံ့ပြန်တိုက်ခိုက်ရန် သမ္မတဒေါ်နယ်ထရန့် အတည်ပြုခဲ့ပြီးမှ ရုတ်ခြည်း ပြန်ရုတ်သိမ်းခဲ့
အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာအမေရိကန် ကင်းထောက်ဒရုန်းတစ်စင်းပစ်ချခံရမှုကိုလက်တုံ့ပြန်ဖို့ အတွက် အီရန်ကို စစ်ရေးအရတိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ အတည်ပြုခဲ့ပြီးမှ ရုတ်ခြည်း ပြန်ရုတ်သိမ်းခဲ့တယ်လို့ သတင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။