တောင်ကြီးမြို့နယ်၊ ထီဆုံကျေးရွာတွင် လူနေရပ်ကွက်အတွင်း ကြက်ခြံများကြောင့် ပတ်ဝန်းကျင်တွင် အနံ့အသက်ဆိုးများဖြစ်နေမှု ဆယ်နှစ်ကျော်ကြာမြင့်နေပြီးဖြေရှင်းပေးစေလိုဟုဒေသခံများပြော
တောင်ကြီးမြို့နယ်၊ နောင်လေအုပ်စု၊ ထီဆုံကျေးရွာမှာလူနေရပ်ကွက်အတွင်း ကြက်ခြံတွေကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်ပေါ်နေပြီး၊ အနံ့အသက်ဆိုးတွေ မခံမရပ်နိုင်အောင်ဖြစ်နေတာဟာဆယ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်တဲ့အတွက် ဖြေရှင်းပေးစေလိုတယ်လို့ ဒေသခံတွေကဇွန်လ ၁၆ ရက်မှာပြောပါတယ်။