နိုင်ငံလုံခြုံရေးဆိုင်ရာစိုးရိမ်မှုကြောင့်တရုတ်နည်းပညာကုမ္ပဏီအချို့ကို အမေရိကန်ကအမည်ပျက်စာရင်းသွင်း
အမေရိကန်ကုန်သွယ်ရေးဌာနက ဇွန်လ ၂၁ရက်မှာ တရုတ်နည်းပညာကုမ္ပဏီအဖွဲ့အစည်းငါးခုကို နာမည်ပျက်စာရင်းသွင်းလိုက်ပါတယ်။ဒါဟာ နောက်သီတင်းပတ်မှာဒေါ်နယ်ထရန့်နဲ့ရှီကျင်းပင်တို့ မတွေ့ဆုံမီ ၂နိုင်ငံကြား တင်းမာမှုတွေ ပိုမြင့်တက်လာစေနိုင်တဲ့ အနေအထားလည်းဖြစ်ပါတယ်။