ချောင်းသာကမ်းခြေ သန့်ရှင်းသာယာလှပရေးအတွက် လုပ်ငန်းရှင်များ၏စုပေါင်းထည့်ဝင်မှုဖြင့် တစ်လလျှင် ငွေကျပ် သိန်း တစ်ရာခန့်အသုံးပြုကာ ဆောင်ရွက်လျက်ရှိကြောင်း တိုင်းစည်ပင်သာယာဝန်ကြီးပြောကြား
ချောင်းသာကမ်းခြေသန့်ရှင်းသာယာလှပရေးအတွက် လုပ်ငန်းရှင်တွေရဲ့ စုပေါင်းထည့်ဝင်မှုနဲ့ တစ်လကို ငွေကျပ်သိန်း တစ်ရာခန့်အသုံးပြုကာ ကမ်းခြေထိန်းသိမ်းခြင်းလုပ်ငန်းတွေကိုဆောင်ရွက်လျက်ရှိတယ်လို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်။