■ ဇွန်လအစောပိုင်းကစလို့ လူအသေအပျောက်ဖြစ်ပေါ်မှုတွေနဲ့ လူထုအကြားမှာ ထင်ထင်ပေါ်ပေါ်ဖြစ်လာတဲ့ ရာသီတုပ်ကွေး H1N1ဟာဆိုရင် မိုးရာသီကာလတွေမှာ ပိုမိုအဖြစ်များတာကြောင့် လာမယ့်စက်တင်ဘာလ လောက်အထိ ကျန်းမာရေးသတိရှိနေရမယ့်အခြေအနေပါ။ ဒါ့ကြောင့် လတ်တလောကာလ H1N1 ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုအခြေအနေ၊ ရောဂါထိန်းချုပ်နိုင်ဖို့အတွက် ဆောင်ရွက်ဖို့လိုအပ်တာနဲ့ ပြည်သူ တစ်ဦးတစ်ယောက်ချင်းစီမှာ ကျင့်ကြံနေထိုင်ဖို့လိုအပ်တဲ့ လူနေမှုပုံစံတွေကို အထွေထွေရော ဂါကုဆရာဝန် တစ်ဦးဖြစ်တဲ့ဒေါက်တာရွှေဝါအောင်နဲ့ တွေ့ဆုံမေးမြန်းပြီး တင်ဆက်ပေးထားပါတယ်။