မက်ဆီနဲ့ တွေ့ဆုံစကားပြောခွင့်ရရေးဟာ ဘောလုံးအားကစားနည်းကို ရူးသွပ်စွဲလန်းတဲ့ ကလေးငယ်တိုင်းရဲ့ မျှော်လင့်အိပ်မက်ပါပဲ။ ဒီထဲမှာ (၆) နှစ်အရွယ် ဘရာဇီးလ်သားလေး တစ်ဦးပါဝင်နေပါတယ်။ သူ့နာမည်ကလည်း လီယွန်နယ်မက်ဆီ။ အာဂျင်တီးနားအသင်း ကစားမယ့်ကွင်းအနီးမှာ သူ့အမေလက်ကို ဆုပ်ကိုင်ရင်း မက်ဆီနဲ့ ဆုံတွေ့ခွင့်ရဖို့ ဘရာဇီးလ်သားလေး မျှော်လင့်နေပါတယ်။ မက်ဆီလိုပဲ ဘောလုံးသမားတစ်ဦး ဖြစ်ခွင့်ရဖို့လည်း စိတ်ကူးယဉ်နေပါတယ်။