ပေါင်မြို့နယ်၊ ကျုံဟော်ကျေးရွာရှိ ရင်းငြိမ်ရေထိန်းတံခါး အပြင်ဘက်၌ နုုန်းအနည်အနှစ်များ ပိတ်ဆို့နေမှုကြောင့် ကျေးရွာ ၁၁ ရွာမှ မိုးစပါးစိုက်ဧက သုံးသောင်းကျော် ရေနစ်မြုပ်နေဟု သိရ
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ကျုံဟော်ကျေးရွာမှာ တည်ဆောက်ထားတဲ့ ရင်းငြိမ်ရေထိန်းတံခါးရဲ့ အပြင်ဘက်မှာ နုုန်းအနည်အနှစ်များ ပိတ်ဆို့နေမှုကြောင့် ယခုနှစ် မိုးစပါးစိုက်ပျိုးချိန်မှာကျေးရွာ ၁၁ ရွာက မိုးစပါးစိုက်ဧက သုံးသောင်းကျော် ရေနစ်မြုပ်နေတယ်လို့ ဒေသခံ လယ်သမားများရဲ့ ပြောကြားချက်များအရ သိရပါတယ်။