တစ်ဒေါ်လာ ကျပ်(၆၀)နီးပါး စျေးကျခဲ့ပြီးနောက် ဒေါ်လာစျေး (၁၅၂၀)ကျပ်ခန့်နှင့် အခေါက်ရွှေတစ်ကျပ်သား ကျပ်ဆယ်သိန်းအောက် ရောက်ခဲ့ပြီး နာရီပိုင်းအတွင်း ကျပ်(၁၀၁၀၀၀၀)ခန့်ပြန်ဖြစ်ခဲ့
နိုင်ငံခြားငွေလဲနှုန်း ဒေါ်လာစျေးမှာ ဒီကနေ့ ဒီဇင်ဘာ(၄)ရက်နေ့ တစ်ရက်အတွင်း ကျပ်(၆၀)နီးပါး ကျဆင်းခဲ့ပြီးနောက် ညနေပိုင်းမှာတော့ စျေးအနည်းငယ် ပြန်လည်မြင့်တက်ခဲ့သလို ပြည်တွင်းရွှေစျေးမှာလည်း ကျပ်ဆယ်သိန်းအထက် ပြန်လည်ရောက်ရှိခဲ့တယ်လို့ စျေးကွက်အတွင်းက သိရပါတယ်။