သက်ငယ်မုဒိန်းမှုနဲ ့ပတ်သက်လို ့ကြံစည်ရင်တောင် ပြင်းထန်တဲ့အပြစ်ပေးသင့်ပြီးကျူးလွန်တယ်ဆိုရင်တော့ အဆုံးစွန်အထိအပြစ်ပေးသင့်တယ်၊ ဒီလိုလူမျိုးတွေ ထောင်ထဲမှာအချိန်ခဏနေပြီးပြန်ထွက်တာမျိုး မဖြစ်စေချင်ဘူးဆိုတဲ့ မယ်လိုဒီ
သားတစ်ယောက်မွေးထားတဲ့မိခင်အနေနဲ ့သက်ငယ်မုဒိန်းမှုတွေနဲ ့ပတ်သက်လို ့ သူမရဲ ့ခံစားချက် နဲ ့ ဖြစ်စေချင်တာတွေကိုပြောရမယ်ဆိုရင် အဆိုပါအမှုက ကြံစည်ရင်တောင် ပြင်းထန်တဲ့အပြစ်ပေးသင့်ပြီး ကျူးလွန်တယ်ဆိုရင်တော့ အဆုံးစွန်အထိအပြစ်ပေးသင့်တယ်လို ့ဆိုပါတယ်။ ဥပဒေပိုင်းအရဆိုရင်တော့ ဒီလိုလူမျိုးတွေ ထောင်ထဲမှာအချိန်ခဏနေပြီးပြန်ထွက်တာမျိုး မဖြစ်စေချင်တာကတစ်ပိုင်း၊ မိဘတွေအနေနဲ ့ လည်း ကိုယ့်သားသမီးရှေ ့ကနေ မားမားမတ်မတ်နဲ ့ကာကွယ်ရပ်တည်ပေးဖို ့က အရေးကြီးတယ်လို ့ သရုပ်ဆောင် မယ်လိုဒီ က အခုလိုပဲပြောပါတယ်။