ပုသိမ်ခရိုင်တရားရုံးတွင်မူးယစ်ဆေးဝါးမှုဖြင့် စစ်ဆေးနေသော အချုပ်သားအားဝင်ရောက်လုယက်မှုဖြစ်ပွားခဲ့
ဧရာဝတီတိုင်းဒေသကြီးပုသိမ်ခရိုင်၊ပုသိမ်မြို့ရှိပုသိမ်ခရိုင်တရားရုံးမှာမူးယစ်ဆေးဝါးမှုဖြင့်စစ်ဆေးနေတဲ့ အချုပ်သားတစ်ဦးကိုရုံးထုတ်စဉ် လူတစ်ဦးက ရဲတပ်ဖွဲ့ဝင်ကို ကျင်စက်နဲ့တို့ပြီး အချုပ်သားကို ဝင်ရောက်လုယက်မှု ဇွန်လ ၂၇ ရက် ညနေ ၅ နာရီခန့်က ဖြစ်ပွားခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံက သိရပါတယ်။