ပြီးခဲ့သည့် အင်ဒိုနီးရှားရွေးကောက်ပွဲတွင် သမ္မတဝီဒိိုဒို၏ အနိုင်ရလဒ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက အတည်ပြုခဲ့ပြီး ပြိုင်ဖက် သမ္မတလောင်း၏ တိုင်ကြားမှုကို ပယ်ချ
အင်ဒိုနီးရှားနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ပြီးခဲ့တဲ့ဧပြီအတွင်းကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ သမ္မတဂျိုကိုဝီဒိုဒိုရဲ့ ရလဒ်ကို အတည်ပြုခဲ့ပြီး မသမာမှုတွေရှိကြောင်း ပြိုင်ဖက်သမ္မတလောင်းက တိုင်ကြားခဲ့တဲ့ စွပ်စွဲချက်တွေ ကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။