နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဓနုဖြူမြို့ခရီးစဉ်တွင် မြေသိမ်းခံလယ်သမားများနှင့် ကျောင်းသားအချို့က ဆန္ဒ ထုတ်ဖော်တောင်းဆိုမှုများ ပြုလုပ်
ဓနုဖြူမြို့တွင် ပြုလုပ်တဲ့ တောင်သူလယ်သမားများနဲ့တွေ့ဆုံပွဲသို့ တက်ရောက်လာတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အား ကျောင်းသားအချို့က ပုသိမ်ကြီးမြို့နယ် ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ပဋိ ပက္ခနဲ့ ပတ်သက်ပြီး ဖမ်းခံထားရတဲ့ ကိုးတန်းကျောင်းသား ကိုထူးဝေယံ လွတ်မြောက်ရေးနဲ့ အကျဉ်းထောင် တွင်း အသက်ဆုံးပါးခဲ့သူ ကိုထွန်းမြင့်ဝင်းရဲ့ အမှုမှာ အမှုမှန်ပေါ်ပေါက်ရေးတို့အတွက် ဆန္ဒထုတ်ဖော် တောင်းဆိုမှု ဖြစ်ပွားခဲ့ပါတယ်။