စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်များ အားမရသည့်အပိုင်းများ ရှိနိုင် ဟု တိုင်းလွှတ်တော်ဥက္ကဌ ပြော
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ကြားမှာ ပုံမှန်ထိန်းကြောင်းမှုသာရှိပြီး ဆက်ဆံရေး အနေနဲ့ ပွတ်တိုက်မှုမျိုးမရှိဘဲ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မဲဆန္ဒရှင်တွေဘက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ကို အားမရတဲ့ အပိုင်းတွေရှိနိုင်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးသန်းက ပြောပါတယ်။