အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ကိုရီးယားနှစ်နိုင်ငံ နယ်စပ်စစ်မဲ့ဇုန်တွင် ကင်ဂျုံအန်နှင့်တွေ့ပြီးနောက် မြောက်ကိုရီးယားဘက်သို့ သမိုင်းဝင် ပထမဆုံးအကြိမ် ခြေချခဲ့
အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာ ဇွန်လ ၃၀ ရက်နေ့က တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံကြားက ပန်မွန်ဂျုံရွာမှာ ခေါင်းဆောင်ကင်ဂျုံအန်နဲ့ လက်ဆွဲနှုတ်ဆက်ပြီးတဲ့နောက် စစ်တပ်နယ်နိမိတ်စည်းကိုကျော်ကာ မြောက်ကိုရီးယားဘက်ခြမ်းကို ဝင်ရောက်ခဲ့တဲ့အတွက် ထရန့်အနေနဲ့ မြောက်ကိုရီးယားကို ခြေချခဲ့တဲ့ ပထမဆုံး လက်ရှိအမေရိကန်သမ္မတ ဖြစ်သွားခဲ့ပါတယ်။