မိုင်းလားအဖွဲ့ အနေဖြင့် NCA တွင် လက်မှတ်ရေးထိုးရန်နှင့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပူးပေါင်းပါဝင်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
မိုင်းလားအဖွဲ့ (NDAA) အနေနဲ့ NCA မှာ ပါဝင် လက်မှတ်ရေးထိုးဖို့နဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပူးပေါင်းပါဝင်ဖို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အထူးဒေသ(၄) ၊ မိုင်းလား ငြိမ်းချမ်းရေး နှစ် (၃၀) ပြည့်ပွဲတော်သို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်း တိုက်တွန်းခဲ့ပါတယ်။