ဘင်္ဂါလီများအား ပြန်လည်စေလွှတ်ရာတွင် ရာနှုန်းပြည့်လုံခြုံရေး အာမခံချက်ပေးရန် တဖက်နိုင်ငံမှ တောင်းဆိုထားပြီး ယင်းသည် ကုလသမဂ္ဂမှ စီစဉ်ပေးမည့်လုံခြုံရေးအား တောင်းဆိုနေခြင်းဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို ပြောကြား
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ဘင်္ဂါလီတွေကို ပြန်လည်စေလွှတ်ရာတွင် ရာနှုန်းပြည့်လုံခြုံရေး အာမခံချက်ပေးရန် တဖက်နိုင်ငံမှတောင်း ဆိုထားပြီး ယင်းသည် မြန်မာအစိုးရက စီစဉ်ပေးသည့်လုံခြုံရေးမဟုတ်ဘဲ ကုလသမဂ္ဂမှ စီစဉ်ပေးမည့် လုံခြုံရေးအား တောင်းဆိုနေတာဖြစ်တယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုကပြောပါတယ်။