ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီတာဝန်ရှိသူ သုံး ဦးတို့ကိုဆက်လက်ရုံးထုတ်ခဲ့ပြီးဦးအောင်မြတ်နှင့် ဦးသူရအုံတို့ကအချုပ်လွတ်ထုချေခွင့်ပြုရန် အာမခံလျှောက်ထား
အဂတိလိုက်စားမှုဥပဒေနဲ့ တရားရင်ဆိုင်နေရတဲ့ ဝန်ကြီးချုပ်ဟောင်းဒေါက်တာလဲ့လဲ့မော်နဲ့ GGS ကုမ္ပဏီတာဝန်ရှိသူသုံးဦးတို့ကိုဇူလိုင်လ ၂ ရက်နေ့က ၁၈ ကြိမ်မြောက်အဖြစ် ရုံးထုတ်ခဲ့ပြီး GGS ကုမ္ပဏီရဲ့ ဒါရိုက်တာဦးအောင်မြတ်နဲ့ အထွေထွေမန်နေဂျာဦးသူရအုံတို့ကအချုပ်လွတ် ထုချေခွင့်ပြုဖို့ အာမခံလျှောက်ထားခဲ့တယ် လို့ သိရပါတယ်။